လူထုခန်းမဆောင် အဆောက်အဦး လွှဲအပ်ပြောင်းပေးခြင်း

လူထုခန်းမဆောင် အဆောက်အဦး လွှဲအပ်ပြောင်းပေးခြင်း

လူထုခန်းမဆောင် အဆောက်အဦး လွှဲအပ်ပြောင်းပေးခြင်း အောင်မြင်စွာပြီးစီး

ကချင်ပြည်နယ် ဝိုင်းမော်မြို့နယ် မိုင်းနားဆွတ်ကြိုင်ရပ်ကွက်၌ UNHCR ရံပုံငွေ ထောက်ပံ့မှုဖြင့်ကရုဏာလူမှုစည်းလုံးညီညွတ်ရေးအသင်း- မြစ်ကြီးနား၏ CRBP (Community Resilience Building Project) စီမံကိန်းမှတာဝန်ယူဆောက်လုပ်ပြီးစီးထားသည့် (အစမ်နိန်ဂျားရှရောတ်) လူထုခန်းမဆောင်အဆောက်အဦးအား ‌‌ဒေသခံ ကျေးရွာကော်မတီများထံ တရားဝင်လွဲပြောင်းပေးအပ်ခြင်း အစီအစဥ််််က၂၀၂၂ ခုနှစ် နိုဝင်ဘာလ ၂၈ ရက်နေ့တွင် အောင်မြင်စွာကျင်းပနိုင်ခဲ့ပါသည်။

အလျား  ၆၂ ပေ၊ အနံ ၂၄နှင့် အမြင့်၁၂ပေရှိသွပ်မိုး ထရံကာ၊ သစ်သားကိုယ်ထည်၊ ကွန်ဂရိတ်အခင်း အမျိုးအစားဖြင့်သည့် ဌင်းအဆောက်အအုံအား ကက်သလစ်အသင်းတော် ဝိုင်းမော်ဘုန်းတော်ကြီးတပိုင်၊ ဘုန်းတော်ကြီး ဂျွန်ကွမ်ဘူလဆိုင်းနှင့်အတူ တာဝန်ခံဓမ္မဆရာတို့မှ ကောင်းချီးပေးဖွင့်လှစ်ခဲ့ကြပါသည်။

သတင်းရင်းမြစ်- ဆိုင်းလတ်အောင် (ကရုဏာလူမှုစည်းလုံးညီညွတ်ရေးအသင်)

PDF: 

Add new comment

11 + 8 =