Tvlú pvla í vru kéò we yv́ngkèní vsv̀ng 4 gø høq Bvdó móng taq shì bǿì we

Tvlú pvla í vru kéò we yv́ngkèní vsv̀ng 4 gø høq Bvdó móng taq shì bǿì we

Tvlú pvla í vru kéò we yv́ngkèní vsv̀ng 4 gø høq Bvdó móng taq shì bǿì we

မှိုအဆိပ်သင့်ခြင်းကြောင့် ပူတာအိုမြို့နယ်တွင် သေဆုံးသူ (၄)ဦးအထိရှိလာ

၁၃၊၄၊၂၀၂၂

ယခု April လအတွင်း ပူတာအိုမြို့နယ်တွင်း မှိုအဆိပ်သင့်ခြင်းကြောင့် သေဆုံးသူ (၄)ဦးအထိရှိလာခဲ့ပြီဖြစ်သည်။ ယနေ့ ၁၃၊၄၊၂၀၂၂ ခုနှစ် မနက် ၂:၀၀ နာရီအချိန်တွင်လည်း ပူတာအိုမြို့နယ်၊ ဖန်ခိုင်ကျေးရွာနေ ဦး ဂျိုးဇက် နောဆီဒွေ့ သည် မှိုအဆင့်သင့်ရာမှ သေဆုံးသွား ခဲ့သည်။

ဌင်းမိသားစုသည် လွန်ခဲ့သည့် ၈၊၄၊၂၀၂၂ နေ့တွင် လယ်တောထဲ၌ မိသားစုများ အလုပ်လုပ်နေစဉ် ဦး ဂျိုးဇက် နောဆီဒွေ့ ၏ ယောက္ခမ ဖြစ်‌သူ ဒေါ် မာတား ညီဆီးရဲ့ သည်မှိုအချို့ကောက်ခဲ့ပြီး ချက်စားမိရာမှ မိသားစု (၄) ဦးတွင် မှိုအဆိပ့်သင့်ခဲ့ခြင်းဖြစ်သည်။

ထို မိသားစု လေးဦးသည် အဖွားဖြစ်သူ ဒေါ် မာတား ညီဆီးရဲ့ အသက် (၅၇) နှစ်၊ သားမက်ဖြစ်သူ ဦး ဂျိုးဇက် နောဆီဒွေ့ အသက် (၃၇)၊ မြေး နှစ်ဦး ဖြစ်‌သော မ နောမာ‌ဒွေ့နှင့် မ နောမီချာ (ကလေး) တို့ဖြစ်ကြသည်။

ထိုမိသားစုလေးဦးအနက် အဖွားဖြစ်သူ ဒေါ် မာတား ညီဆီးရဲ့ အသက် (၅၇) နှစ်သည် မှိုအဆိပ်သင့်ပြီး နောက်တစ်ရက် ၉၊၄၊၂၀၂၂ ရက် ညနေတွင်သေဆုံးခဲ့ပြီးနောက် ကျန်ရှိသော မိသားစု သုံးဦးကို ပူတာအိုမြို့ တပ်ဆေးရုံတွင် ပို့ဆောင်ပြီး ဆေးကုသမှု ခံယူခဲ့သည်။

ဆေးရုံတွင်ဆေးကုသမှု ခံယူနေစဉ် ကလေးနှစ်ဦးမှာ ပြန်လည်သက်သာ ကောင်းမွန်ခဲ့သည်ဖြစ်သော်လည်း ဖခင်ဖြစ်သူ ဦး ဂျိုးဇက် နောဆီဒွေ့ သည် ယနေ့ မနက်ပိုင်းတွင် ကွယ်လွန်သွားခဲ့ပြီဖြစ်သည်။

အလားတူဖြစ်ရပ်မျိုး ပူတာအိုမြို့ ဆာရ်ခွမ်ဒမ်း (အလကခွဲ )ကျောင်းမှာတာဝန်ထမ်းဆောင်နေတဲ့ ဆရာမ ဒေါ်ခင်ဌေးကြွယ် တို့မိသားစု သည်လည်း ၇၊၄၊၂၀၂၂ နေ့တွင် မိသားစု သားအမိ သုံးဦး မှိုအဆိပ် သင့်ခဲ့ပြီး သုံးယောက်စလုံးဆေးရုံတင်ခဲ့သော်လည်း ကလေးနှစ်ဦးမှာ အသက်ဆုံးရှုံး ခဲ့ရသည်ဖြစ်သည်။

ဆရာဝန်၏ပြောကြားချက်အရ ပုံမှန်မဟုတ်သောမိုးရွာချိန်တွင်‌‌ေပါက်ရောက်သော မှိုများသည် အဆိပ်သင့်နိုင်သည်ဖြစ်၍ အခုလို ပူတာအိုမြို့နယ် ရာသီဉတုတွင် မှိုစားများ မစားကြရန် သတိပေးပြောကြားသည်။

#rvarawng #localnews

#RIP

 

Add new comment

9 + 9 =